Events

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ASEAN Trade Fair 2024 ပြပွဲ ကျင်းပပြုလုပ်မည်

Updated At: 2024-05-23 13:12:36

ASEAN Korea Center မှ ကြီးမှူး၍ ASEAN Trade Fair 2024 ကို ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ COEX အဆောက်အဦးတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပါသည်။

ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများမှ တောင်ကိုရိးယားနိုင်ငံတို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ကွန်ရက်ချိတ်ဆက်မိစေရန်၊ တောင်ကိုရီးယားစျေးကွက်တွင် အာဆီယံစားသောက်ကုန်နှင့် အဖျော်ယမကာများ ထင်ရှားလာစေရန်နှင့် ထိုမှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို အားပေးရန်ဖြစ်ပါသည်။

ပြပွဲသို့ အာဆီယံနိုင်ငံတစ်နိုင်ငံလျှင် ကုမ္ပဏီ(၅)ခုမှ အောက်ပါကုန်ပစ္စည်းများ ပါဝင်ပြသနိုင်မည်ဖြစ်ပါသည်-

- Coffee: Roasted Bean, Instant Coffee, etc. (*Green bean is not allowed)

- Confectionery: Bakery, Cookie, Chocolate, Dessert , etc.

- Beverage: Fruit Juice, Tea, Low Sugar healthy drink, etc.

- Others: Spice, Sauce, nut, Honey , Jam, etc.

AKC မှ ကိုယ်ပိုင်အစီအစဉ်ဖြင့် ကျင်းပသည့်အတွက် ပြပွဲတွင် ခင်းကျင်းပြသမည့် ပစ္စည်းများ သယ်ဆောင်ခအတွက် ထောက်ပံ့ပေးမည်မဟုတ်ပါ။ ပါဝင်ပြသသည့် ပစ္စည်းများရောင်းချခွင့် မရှိဘဲ နမူနာပစ္စည်းအဖြစ် AKC မှ သိမ်းဆည်းထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ASEAN Korea Center မှ ကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်တစ်ဦး အတွက် တည်းခိုနေထိုင်စရိတ်တို့ကို ကျခံပေးမည်ဖြစ်ပြီး အသွား/အပြန် လေယာဉ်စရိတ်နှင့်လေဆိပ်မှ ဟိုတယ်သွားသည့် ခရီးစရိတ်တို့အား မိမိတို့ကိုယ်တိုင်ကျခံရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည်များရှိပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ Email: [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။